မြန်မာပြည်ဖွား တိုင်းရင်းသားမိဘညီအစ်ကိုမောင်နှမများအားလုံးကို မင်္ဂလာနှစ်သစ်ပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။
နှစ်သစ်နဲ့အတူ မြန်မာနိုင်ငံသားများအားလုံး ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုရရှိပါစေလို့လည်း ဆုတောင်းအပ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံးမှာ ငြိမ်းချမ်းမှုရှိနေမှသာ ကျွန်မတို့ရဲ့လူမှုအဖွဲ့အစည်း ကျွန်မတို့နိုင်ငံနဲ့ အားလုံးဟာ ငြိမ်းချမ်းမှုရှိနေမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံးသားငြိမ်းချမ်းဖို့အတွက် ကျွန်မတို့တစ်ဦးချင်းစီကစလို့ တစ်ယောက်နဲ့တစ်ယောက်ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာရှိဖို့လိုပါတယ်။ တကယ်တော့ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဆိုတာလုပ်ဆောင်ဖို့ အင်မတန်ခက်ခဲတဲ့အရာဖြစ်ပါတယ်။ အမုန်းတရားနဲ့ ခွင့်မလွှတ်ခြင်းတွေကတော့လုပ်ဆောင်ဖို့ အင်မတန်လွယ်ကူတဲ့အရာတွေဖြစ်ပါတယ်။
ဒါကြောင့် မိဘညီအစ်ကိုမောင်နှမ တိုင်းရင်းသားများအားလုံးကို နှစ်သစ်နဲ့အတူ ကျွန်မတို့ရဲ့စိတ်နှလုံးသားမှာ တစ်ယောက်နဲ့တစ်ယောက် မိသားစုအချင်းချင်းမှာ၊ မောင်နှမအချင်းချင်းထဲမှာ၊ အဖွဲ့အစည်းအချင်းချင်းထဲမှာ၊ ကျွန်မတို့နိုင်ငံထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းတရားတွေထားပြီး ကျွန်မတို့နိုင်ငံကို ရှေ့ဆက်သွားဖို့အရေးကြီးပါတယ်။ ဒါမှ တစ်ဦးချင်းစီစိတ်နှလုံးမှာ ငြိမ်းချမ်းမှ ကျွန်မတို့မိသားစုတွေ ငြိမ်းချမ်းမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အဖွဲ့အစည်း၊ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်၊ ကျွန်မတို့ရဲ့ မြို့ရွာငြိမ်းချမ်းမှာဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းမှုတွေကတစ်ဆင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်လို့ ပြောကြားချင်ပါတယ်။
ဒါ့ကြောင့် နှစ်သစ်မှာဆုတောင်းချင်တာကတော့ အားလုံးငြိမ်းချမ်းကြပါစေ၊ အားလုံးတည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်ကြပါစေ၊ အားလုံးတစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာထားနိုင်ကြပါစေ၊ အားလုံးအမုန်းတရားများကိုပယ်ဖျက်ပြီး ခွင့်လွှတ်ခြင်းတရားနဲ့ ရှေ့ဆက်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်ရှင်။