Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်း ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့ အခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပြီး နှစ်သစ်ကာလမှစတင်၍ လာမယ့်ကာလတစ်လျှောက်လုံး မိုးလေဝသမှန်ကန်ပါစေ၊ ဆန်ရေစပါးပေါများပါစေ၊ ရောဂါဘယကင်းဝေးကြပါစေ၊ မြန်မာနိုင်ငံတော်ကြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်တည်ငြိမ်သာယာဝပြောပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိခံစားနိုင်ကြပါစေလို့ နှစ်သစ်ကူးဆုတောင်း စကားပြောကြားအပ်ပါတယ်။