Skip to main content

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ပြည်နယ်အစိုးရအဖွဲ့ရုံးမဏ္ဍပ်တွင် ကလေးသူငယ်များအပါအဝင် ပြည်သူများရေကစားနေစဉ် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သော PDF အဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်ကို ကြားသိခဲ့ရပါသည်။

အပြစ်မဲ့ပြည်သူ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၁၃)ဦး၊ စုစုပေါင်း(၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား အပြစ်ကင်းစွာရေကစားနေကြသော ပြည်သူများအား Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး