Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာလက်မှုအနုပညာစင်တာ(ရန်ကုန်)၌ ကျင်းပသည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်ကို ကြည့်ရှုအားပေး

ရန်ကုန် ဧပြီ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားလမ်းရှိ မြန်မာ့လက်မှုအနုပညာ စင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်ကို ကြည့်ရှု အားပေးသည်။

တက်ရောက်

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ Counsellor ဖြစ်သူ Mr. R.C.Yadav ၊ Centre for Investment and Trade မှ CEO ဖြစ်သူ Dr.Sital Kumar ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ် Mr. Tan Shuf၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr. Li Fuquan ၊ ဂျာမန် မြန်မာစီးပွားရေး ကုန်သည်ကြီးများအသင်း(GMBC)မှ ဦးရဲထွဋ်၊ အိန္ဒိယမြန်မာ ကုန်သည်များ အသင်းမှဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya ၊ မြန်မာနိုင်ငံဆိုင်ရာနီပေါသံရုံးမှ တတိယအတွင်းရေးမှူး Mr. Prashant Thakur ၊ Mingalar Alliance Co.,Ltd.မှ CEO ဖြစ်သူ Ms. Jar-chaya Sanguansat ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက ဦးဉာဏ်ထွန်းဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်းဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာ အနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း၊ ကုန်သည်/ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးမြဟန်၊ မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ချင်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် အခြား သောလုပ်ငန်းရှင်များ၊ ဧည့်သည်တော်များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို ဈေးရောင်းပွဲတော်တွင် နိုင်ငံခြားသံတမန်များ၊ မိတ်ဖက်စီးပွားရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တက်ရောက် လာကြသူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပါစေကြောင်း၊ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် အဆင့်မြင့် လမ်းလျှောက်သင်္ကြန်ကို ကျင်းပသွားမည်ဖြစ်ရာ ဖိတ်ခေါ်လိုကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုလည်း မေလပထမအပတ်တွင် နေပြည်တော်၌ ခမ်းနားစွာကျင်းပသွားရန်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆန်လုပ်ငန်းရှင် ၄၇ ဦးနှင့် ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်မှုသည် နိုင်ငံတော်နှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မြန်မာ့နှစ်သစ် ကူးအခါသမယမှစ၍ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြဟန်နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝတို့က နှုတ်ခွန်းဆက်စကားနှင့် ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နာယကဦးဉာဏ်ထွန်းဦး၊ မြန်မာ နိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း၊ ကုန်သည်/ စက်မှုအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမြဟန်နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ ဌဦးကျော်ဒေဝတို့က “မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်၂၀၂၃”ကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်​အေး​မောင်နှင့် တက်ရောက်လာသူတို့က ထာဝရသစ္စာတေးသီချင်းဖြင့် မူကြိုကလေးငယ်များဖျော်ဖြေမှုနှင့် မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် ယိမ်းအဖွဲ့၏ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သံတမန်ဧည့်သည်တော်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များသည် မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)တွင် မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ခင်းကျင်းပြသထားသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညနေပိုင်းတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြို ရိုက်ကူးထုတ်လွှင့်နေသည့် “ပိတောက်နဲ့အတူ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုကြမည့် အနုပညာရှင်တို့အား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ကြည့်ရှုအားပေး

ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြို ရိုက်ကူးထုတ်လွှင့်နေသည့် “ပိတောက်နဲ့အတူ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲတွင် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ထပ်ဆင့်အကယ်ဒမီနေအောင်၊ သန်းမြတ်စိုး၊ ရသ၊ ရဲထိုက်၊ စိုးရန်အောင်၊ ကောင်းမိုးယံ၊ ကောင်းဆက်၊ နန်းစန္ဒီ၊ အိအိလှိုင်၊ ထွန်းပပအောင်နှင့် ဖူးဧကရီဆောင်းတို့က သင်္ကြန်သီချင်းများဖြင့် MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် နေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ အစီအစဉ်သည် ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ခြင်းဖြစ်ပြီး ထိုနေ့ညပိုင်းတွင် ရိုက်ကူးတင်ဆက်ခဲ့သော ဖျော်ဖြေမှုများကို ညသတင်း အပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသခဲ့ကာ ဧပြီ ၉ ရက်(တနင်္ဂနွေနေ့)နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်