နေပြည်တော် ဧပြီ ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအပြန်အလှန်ပါဝင်ပြသနိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက်နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေးအပါအဝင် နှစ်နိုင်ငံအကြားကုန်သွယ် မှုတိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
သတင်းစဉ်