နေပြည်တော် ဧပြီ ၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား LAOSAT Company Limited မှ Chief Executive Officer - CEO Mr. Wu Fang Jie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်