နေပြည်တော် ဩဂုတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၅ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေဒုတိယဆုရရှိသည့် စာရေးဆရာ ကိုရွှေသံ (မြန်မာစာ) ၏ “မြစ်ဧရာနဒီ ကြောဝယ်”စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် လူငယ်သဘာဝ သူငယ်ချင်းအပေါင်းအဖော်များနှင့် ကစားကြ၊ ရန်စောင်ကြ၊ ကြည်နူးပျော်ရွှင်ကြပုံ၊ စိတ်ခံစားမှုအလျောက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်လည်းရှိ၊ အမြင်စောင်းခံရသည်လည်းရှိပုံတို့ကို မြစ်ကမ်းနံဘေးက မြို့ကလေးကို နောက်ခံထား ရေးဖွဲ့ ထားသည့် ဝတ္ထုဖြစ်သည်။ မြစ်ကမ်းနံဘေး နေသူများပီပီ ဝမ်းစာအရေး ဖား၊ ငါး ရှာဖွေကြ၊ ကောက်သင်းကောက်ကြရင်း ဘဝဝမ်းကျောင်းနေကြဆဲ ပြောင်းလဲဖဲ့စားလာ သည့် မြစ်ကြောင်း ကြောင့် နေစရာတဲဘုံဗိမာန်လေးများ ပျောက်ကွယ်သွားရသည့်အတွက် ကူကယ်ရာမဲ့ ဒုက္ခမျိုးစုံ ကြုံရပုံ၊ အရေးကြီးသည့်အခါမှာတော့ သွေးစည်း ရင်ဆိုင်တတ်ကြပုံတို့ကို ရေးဖွဲ့ထားသည့် လူငယ်သရုပ်ဖော် ဇာတ်လမ်းကောင်း ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၁၃၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလို ပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန(ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်