Skip to main content

သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် တည်ဆောက်ပြီးစီးမှုအခြေအနေ

ကွမ်းလုံကြိုးတံတားအဟောင်းအား (၂၉-၂-၁၉၆၄) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၃၁-၁၁-၁၉၆၅) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ (၂၂-၁၂-၁၉၆၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအရှည် (၇၈၉) ပေဖြစ်ပြီး မူလခံနိုင်ဝန် အလေးချိန်မှာ (၄၀)တန်ဖြစ်သည်။ တံတား သက်တမ်းမှာ (၅၈)နှစ် ကြာမြင့်လာပြီဖြစ်သဖြင့် တံတား၏ ကြံ့ခိုင်မှုအခြေအနေအရ ယခုအခါ ယာဉ်နှင့်ကုန် အလေးချိန်အများဆုံး (၂၅)တန် အထိသာ သယ်ဆောင်ဖြတ်သန်းခွင့်ပြုခဲ့သည်။ ကွမ်းလုံကြိုးတံတားပေါ်မှ ယာဉ်တစ်စီးချင်းသာ ဖြတ်သန်းခွင့်ပြုထားသဖြင့် သိန္နီဘက်ခြမ်းနှင့် ကွမ်းလုံဘက်ခြမ်း၌ ကုန်တင်ယာဉ်၊ လူစီးယာဉ်များ တန်းစီ၍ စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်စည်စီးဆင်းမှုတွင် ကြန့်ကြာမှုဖြစ်ပေါ် လျက်ရှိသည်။

ဖြတ်သန်းနေသည့် ယာဉ်စီးရေ များပြားလာမှုကြောင့် လက်ရှိတံတားနှင့်မလုံလောက်ပါ သဖြင့် သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်အား တည်ဆောက်လျက်ရှိသည်။ သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ်အား ကွမ်းလုံမြို့မှ (၂) မိုင်အကွာ၊ တုံကျက်ကျေးရွာအနီးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၏အကူအညီ အထောက်အပံ့ဖြင့် တည်ဆောက်လျက်ရှိ သည်။

Exchange of Letter ကို (၂၀-၃-၂၀၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုး၍ Implementation Agreement အား (၁၈-၁-၂၀၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။Main Contractor မှာ China Yunnan Sunny Road & Bridge Co.,ltd. ဖြစ်ပြီး တံတားအမျိုးအစားမှာ Balanced Cantilever Type Prestressed Concrete Box Girder Bridge ဖြစ်သည်။

တံတားအရှည် (၂၈၆) မီတာ၊ အကျယ် (၁၂) မီတာ၊ ခွင့်ပြုအလေးချိန် (၇၅) တန်၊ စီမံကိန်း ကာလ (၃၆)လ၊ စီမံကိန်းတန်ဖိုး ယွမ် (၁၃၇) သန်းဖြစ်ပြီး (၁၀-၁၂-၂၀၂၀) ရက်နေ့မှစ၍ လုပ်ငန်းစတင် ဆောင်ရွက်လျက်သည်။ (၆-၃-၂၀၂၃) ရက်နေ့အထိ ပင်မတံတားပြီးစီးမှုရာခိုင်နှုန်းမှာ (၈၇%) ဖြစ် ၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ပင်မတံတားနှင့် ချဉ်းကပ်လမ်းလုပ်ငန်းများ မြို့တွင်းသွား လုပ်ငန်းများ (၁၀၀%) ပြီးစီးမည်ဟု ခန့်မှန်းထားရှိသည်။

(၄)လမ်းသွား ကွမ်းလုံတံတားသစ်တည်ဆောက်ပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှုအား လျှော့ချပြီး တံတားကို အချိန်တိုအတွင်း ဖြတ်သန်း သွားလာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပန်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာ မည်ဖြစ်သည်။

အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်သည့်တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားပုံစံထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်းစသည့် ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ပိုမိုရရှိစေမည်ဖြစ်သည်။

ကွမ်းလုံတံတားသစ်တည်ဆောက်ခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာ မည့်အပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရ သည်။