လွိုင်ကော် သြဂုတ် ၁၀
ကယားပြည်နယ် အစိုးအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များအား ပံ့ပိုး ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ ကိုလည်း အလေးထား ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ဖရူဆိုမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဒေသခံပြည်သူများမှ တင်ပြချက် ဖြစ်သည့် ထီးတရဲ ရပ်ကွက် ရိပ်သာတွင် မီးဖိုဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့ ပေးရန်နှင့် ဟိုယာ -ကေကော ကျေးရွာ ချင်းဆက် လမ်းသည် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် လတ်တလော သွားလာရန် ခက်ခဲ နေသဖြင့် လူထုအား ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ပါရန် တင်ပြမှု အပေါ် မီးဖိုဆောင် ဆောက်လုပ် ခြင်းအတွက် ငွေကျပ် (၅) သိန်းနှင့် ဟိုယာ-ကေကော ကျေးရွာချင်းဆက် လမ်းပိုင်း ကိုယ်ထူ ကိုယ်ထဖြင့် ပြုပြင် ဆောင်ရွက် နိုင်ရန် အတွက် ငွေကျပ် (၃) သိန်းကို ယနေ့ နံနက် (၁၁) နာရီတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ၎င်း၏ ရုံးခန်း၌ ထောက်ပံ့ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)