နေပြည်တော် မတ် ၂၈
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းအမှတ်စဉ် (၆) နှင့် မသန်စွမ်းစာရင်းများ Disabled Management Information System (DMIS) Software တွင် ရေးသွင်းနည်း အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လေ့ကျင့်သင်ကြားပေးခြင်းဖြစ်
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က ယခုသင်တန်းသည် ပြည်ထောင်စုအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီးဌာနများအတွက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီပူးပေါင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အောက်တွင်ရှိသည့် လုပ်ငန်းကော်မတီအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များကို အဓိကဦးတည်လေ့ကျင့်သင်ကြားပေး ခြင်းဖြစ်ကြောင်း၊ မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့အနေဖြင့် ပြည်တွင်း၌သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများနှင့် ညှိနှိုင်းပေါင်းစပ်မှုလုပ်ငန်းများ ဆောင်ရွက်သည့် နေရာများတွင် နိုင်ငံ၏အရေးပါသည့်အဖွဲ့ဖြစ်လာစေရန် မျှော်မှန်းထားသည့်အတွက် ယခင်သင်တန်းတက်ရောက်ထားသည့် MDRT အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူလက်တွဲ၍ နောင်သဘာဝဘေးတုံ့ပြန်ရေး လုပ်ငန်းများတွင်ပူးပေါင်းပါဝင် လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ AHA Centre ၏ ဒုတိယ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးက မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းများဖွင့်လှစ်ခြင်း၏နောက်ခံ အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းသည်။
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းအမှတ်စဉ် (၆) တွင် သင်တန်းသားစုစုပေါင်း ၃၁ ဦးတို့က လူကိုယ်တိုင်တက်ရောက် ကြသည်။ AHA Centre မှ Deputy Executive Director Mr. Krishna Putra Tanaja နှင့် တာဝန်ရှိသူများ က အွန်လိုင်းမှ တက်ရောက်ခဲ့ကြ သည်။
ဆက်လက်၍ မသန်စွမ်းစာရင်းများအား Disabled Management Information System (DMIS) Software တွင် ရေးသွင်းနည်း အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Hybrid ပုံစံဖြင့် ကျင်းပသည်။
ယင်းသင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တပ်မတော်သတင်းနည်းပညာဌာန ဌာနမှူးက DMIS Software ရေးသွင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြား သည်။
အဆိုပါသင်တန်းကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူမှု ဝန်ထမ်းရုံးများမှ ဝန်ထမ်း ၁၂၆ ဦးတို့ကို အွန်လိုင်းဖြင့် မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်