စလင်း ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက် မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးတို့က အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ် ရေးမှူးဦးစန်းဌေးက ဖြည့်စွက်စကားပြောကြားခဲ့ကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) များပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက လက်ခံရယူ ခဲ့ကြောင်းသိရှိရသည်။ ထိုအခန်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ခရိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်၊ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းရရှိသော ကျေးရွာများမှကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရ သည်။
မောင်လွင် (ပြန်/ဆက်)