Skip to main content

Online စနစ်ဖြင့် ရောင်းအားကောင်းနေသော လေးပင်ဇီးသီး

ဇီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဇီးသီးသည် မကွေးတိုင်း၊ ရွှေစက်တော်သို့ သွားသောလမ်းမကြီးပေါ်ရှိ လေးပင်ရွာမှ ထွက်ရှိသော ဇီးသီးဖြစ်ပါသည်။ ဇီးပင်၏ မူရင်းဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ (ROSACEAE) ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Zizyphusjujuba ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ plum or jujube ဖြစ်သည်။ လေးပင်ဇီးသီးသည် အခြားဇီးသီးများနှင့် မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့် တစ်ပြိုင်တည်းအသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ချိုသော အရသာထူးရရှိပါသည်။ အရသာမှာ ချိုမြနေပေမယ့် ပိုးမဝင်သော ဇီးသီးမျိုးဖြစ်ပါသည်။ လေးပင်ဇီးသီးသည် နိုဝင်ဘာလမှ မတ်လအထိ ထွက်ရှိပါသည်။ လေးပင်ဇီးသီးကို ယိုထိုး၍ စားသောက်ခြင်းမျိုးမရှိပါ။ ဇီးသီးစား သောက်ခြင်းဖြင့် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း၊ သွားပိုးစားခြင်းမှ ကာကွယ်စေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ခြင်း၊ သွေးတိုးကိုထိန်းပေးပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ ဇီးသီးသည် မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုသော ဗီတာမင် အေနှင့် Beta Carotene ပါဝင်ပါသည်။ Antioxidant ကြွယ်ဝသောကြောင့် အဆိပ်အတောက်ကို ဖယ်ရှားပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ အမျှင်ဓာတ်မြင့်မားသောကြောင့် ခန္ဓာကိုယ်အတွင်းမှ မကောင်းသော ကိုယ်လက်စထရောကို လျော့ကျစေပါသည်။ ပြည်မြို့တွင် လေးပင်ဇီးသီးကို Online မှ order စနစ်ဖြင့် ရောင်းချခြင်းနှင့် ဈေးဆိုင်အနည်းငယ်တွင် တင်၍ ရောင်းချခြင်းဟူ၍ (၂) မျိုးရှိပါသည်။ Online  order စနစ်ဖြင့် ရောင်းချခြင်းမှာ အရောင်းအဝယ် ပိုမို တွင်ကျယ်ပါသည်။ လေးပင်ဇီးသီးကို order တစ်ခုကောက်လျှင် ပြည်ရာချီ ရောင်းချရကြောင်း လည်းသိရှိရပါသည်။ လေးပင်ဇီးသီးကို တစ်ပြည်လျှင် (၄၀၀၀)ကျပ် နှုန်းဖြင့်ရောင်းချပြီး ပြည်ဝက် ကို (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ အိမ်အရောက်ပို့သော စနစ်ဖြင့် ရောင်းချသောကြောင့် အနီးအဝေးအလိုက် Deli ခဈေးနှုန်းမှာ ကျပ် (၅၀၀-၇၀၀-၁၀၀၀) ကျပ်ကျပါသည်။ Online  order စနစ်ဖြင့် ရောင်းချသောကြောင့် ပြည်မြို့အတွင်းရှိ ကယ်ရီ ဆိုင်ကယ်သမားများလည်း အလုပ်အကိုင် ရရှိကာ ဝင်ငွေတစ်ဖက်တစ်လမ်းမှ ရရှိကြပါသည်။ ယခုအခါ လေးပင်ဇီးသီးကို ကိုင်းဆက်ပင်များ အဖြစ်ပျိုးကာ ရောင်းချကြသဖြင့် ဒေသအနှံ့အပြားတွင် စိုက်ပျိုးနိုင်မည်ဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုး၍ ဝင်ငွေတိုးအောင် စိုက်ပျိုးသင့်သော အပင် တစ်မျိုးဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)