Skip to main content

လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန် အသိပေးကြေညာချက်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များနှင့်စပ်လျဉ်း၍ တည်ဆဲဉပဒေ၊ နည်းဉပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

လျှပ်စစ်သုံးယာဉ်  (BEVs) များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့်  ယာဉ်အို ယာဉ်ဟောင်းအပ်နှံသောမော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန