Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၁၅

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများလှူဒါန်းခြင်းကို ယနေ့ညနေ့ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

အလှူရှင်ဖြစ်သော ကောင်းကင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးရဲရင့်အောင်နှင့် မိသားစုက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ၌ မုခ်ဦး (အကြီး) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၂၈၆၅ သိန်းနှင့် မုခ်ဦး (အသေး) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၁၂၂၀ သိန်း တို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။