၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်၊ မြို့ပတ် လမ်း၊ အမှတ် (၁/၈၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)]က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင် ခွင့်ပြုရန် ၁၃-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်