Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၄

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergee-vich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ထိုသို့တွေ့ဆုံရာစဉ် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆက်ဆံရေးကောင်းမွန်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရထား၊ ရေကြောင်း၊ လေကြောင်း စသောပို့ဆောင်ရေး ကဏ္ဍများနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများတိုးချဲ့ ပျံသန်းရေးကိစ္စရပ်များ၊ လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကျွမ်းကျင်သူပညာရှင်များအကြား အပြန်အလှန်ဆွေးနွေးနိုင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်