နေပြည်တော် မတ် ၁၂
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်နှင့် နားလည်မှုစာချွန်လွှာ (Memo-randum of Understanding) လက်မှတ်ရေးထိုးထားသော ဂျပန်နိုင်ငံ Kitasato University မှ နှစ်စဉ်ကျင်းပသည့် International Student Exchange Program အရ ၂၀၂၃ ပညာသင်နှစ်တွင် မတ် ၁၃ ရက်မှ ၁၈ ရက်အထိ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပ မည့် Kitasato University International Exchange Program 2023 including the cross-cultural interdisciplinary case study သို့ တက်ရောက်ရန် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ရန်ကုန်မှ စတုတ္ထနှစ် ဘွဲ့ကြိုကျောင်းသူသုံးဦးသည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ International Stu-dent Exchange Program သည် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ရန်ကုန်နှင့် Kitasato University School of Allied Health Sciences တို့အကြား ကျောင်းသားကျောင်းသူများ အပြန်အလှန်စေလွှတ်လေ့လာခြင်းဖြင့် ပညာရပ်ဆိုင်ရာတိုးတက်မှုများနှင့် နိုင်ငံတကာ အတွေ့အကြုံဗဟုသုတကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်