Skip to main content

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ပနိုင်ငံများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၁၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံပြီး အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံမှထွက်ရှိသည့် အဓိကပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရေး၊ သက်ဆိုင်ရာ နိုင်ငံများရှိ အဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး စီးပွားရေးသံမှူးများ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် မိမိတို့၏ ကျရာကဏ္ဍအလိုက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား သည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွားရေးသံမှူးများ တက်ရောက်ကြသည်။

သတင်းစဉ်