နေပြည်တော် မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာ ကျေးရွာသွားကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူသစ်သားတံတား/ ပြွန်ကြီးတံတား(ဒေသအခေါ်)အား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာ၍မရကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်တံတားကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့်တံတားကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်