Skip to main content

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မျက်စိရောဂါလူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်

နေပြည်တော်   မတ်  

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ()  ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါနှီးနှောဖလှယ်ပွဲ၏ အကြိုလှုပ်ရှားမှု အစီအစဉ်အဖြစ် မျက်စိအတွင်းတိမ်လူနာများအား စမ်းသပ်စစ်ဆေးပေးခြင်းနှင့် မျက်စိအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသမှုပေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး ရွှေဘိုမြို့၌ ၂၀၂၃ ခုနှစ် မတ် ရက်နှင့် ရက်တို့တွင် ဆောင်ရွက်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုများအဖြစ် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊  ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး ပျဉ်းမနားမြို့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တို့၌ လည်းကောင်း၊ ရန်ကုန်မြို့တွင် မျက်စိရောဂါ အထူးကုဆေးရုံကြီး - ရန်ကုန်၌ လည်းကောင်း၊ မန္တလေးတွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးနှင့် စဉ့်ကိုင်မျက်စိအထူးကုဆေးရုံတို့၌   လည်းကောင်း၊ ကရင်ပြည်နယ်တွင် ပြည်သူ့ဆေးရုံကြီး ဘားအံမြို့၌လည်းကောင်း၊   မွန်ပြည်နယ်တွင် ပြည်သူ့ဆေးရုံကြီး မော်လမြိုင်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့ဆေးရုံကြီး ပဲခူးမြို့ နှင့် ပြည်သူ့ဆေးရုံကြီး ပြည်မြို့တို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့ဆေးရုံကြီး မင်းဘူးမြို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့ဆေးရုံကြီး   ပုသိမ်မြို့၌လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်း မျက်စိအတွင်းတိမ် လူနာ ၈၆၆ ဦးကို အခမဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်