Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စုအတွင်း အခြေခံပညာကျောင်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     သြဂုတ်    ၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကို ယမန်နေ့ နံနက် (၈)နာရီခွဲတွင် ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စု၊ အာလမ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်‌ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းကော်မတီဝင် များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ကျောင်းအတွက် လိုအပ်ချက်များနှင့် အာလမ်-အူဗျစ်ကျေးရွာချင်းဆက်လမ်း (၂) မိုင်ခွဲ ခန့်ကို ခင်းကျင်းဆောင်ရွက်နိုင်ရေး တင်ပြမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ် -၁၉ ကာလဖြစ်သောကြောင့် တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာ ပညာသင်ကြားရမည်ဖြစ်သဖြင့် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို မိမိတို့ အစိုးရ အနေဖြင့် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကျောင်း အတွက်လိုအပ်သည့် စာသင်ခုံ (၅၀)စုံ၊ ဗီရို (၃)လုံးနှင့် စားပွဲ (၅)လုံးကို အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို အသေးစိတ်တွက်ချက်မှုဖြင့် တင်ပြတောင်းခံသွားရေး၊ ကျေးရွာ ချင်းဆက်လမ်းအတွက် ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်သွားရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒွန်ဂန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဆောင်သစ်အတွက် လျှပ်စစ်မီး၊ စာသင်ခုံလို အပ်ချက်များ၊ ဆရာ/ဆရာမ များဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းနိုင်ရေးအတွက် မီးတိုင်လိုအပ်ချက် များနှင့် သောက်သုံးရေရရှိရေး ရေသွယ်တန်း ပေးခြင်းလုပ်ငန်းတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ် အတွင်း စာသင်ခန်း (၄)ခန်း အတွက် စာသင်ခုံ အစုံ(၈၀)ကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဆရာ/ ဆရာမ များ အတွက် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ကို ယာယီစီစဉ် ဆောင်ရွက်ပေးနိုင်ရေး၊ PPE ဝတ်စုံစီစဉ်ပေးရေးနှင့် ကေျးရွာအတွက် လိုအပ်ချက် များကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်