Skip to main content

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

နေပြည်တော် မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာန ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦးတွင် ဖြေဆိုသူ ၁၇၁ ဦး၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၇၇ ဉီးတွင် ဖြေဆိုသူ ၁၃၄၄ ဦး၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်း သူ ၁၀၅၃ ဦး တွင် ဖြေဆိုသူ ၉၀၁ ဦး၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာန ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၇၆ ဉီးတွင် ဖြေဆိုသူ ၁၁၆၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၈၆ ဉီးတွင် ဖြေဆိုသူ ၉၀၃ ဉီး၊ ဇေယျာသီရိ မြို့နယ်ရှိ စာစစ်ဌာန ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၄၆ ဦးတွင် ဖြေဆိုသူ ၇၅၈ ဦး၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာန ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၄ ဉီးတွင် ဖြေဆိုသူ ၃၄၉ ဦး၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာန ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၂၅ ဦး တွင် ဖြေဆိုသူ ၈၄၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၄၃၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် ၉၀ ဒသမ ၃၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲများကို ဖြေဆိုလျက်ရှိရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနနှင့် စာဖြေဆိုသူ စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း(၁၂၄)ခရိုင်၊ မြို့နယ်ပေါင်း(၃၀၉)မြို့နယ်၊ စာစစ်ဌာနပေါင်း(၈၆၃)ဌာန တို့တွင် စာရင်းရှိ ဦးရေမှာ ( ၁၇၉၈၄၃ ) ဦးရှိခဲ့ပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၆၁၈၅၁) ဦး ရှိခဲ့ရာ ဖြေဆိုရာခိုင်နှုန်းမှာ (၉၀) ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ရက် ကြာသပတေးနေ့တွင် အင်္ဂလိပ်စာဘာသာရပ်နှင့် မတ် ၁၀ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ် ၁၁ ရက် စနေနေ့နှင့် မတ် ၁၂ ရက် တနင်္ဂနွေနေ့တို့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး  မတ် ၁၃ ရက် တနင်္လာနေ့တွင် ဓာတုဗေဒဘာသာရပ်၊ မတ် ၁၄ ရက် အင်္ဂါနေ့တွင် ရူပဗေဒဘာသာရပ်၊ မတ် ၁၅ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒဘာသာရပ်/ ဘောဂဗေဒဘာသာရပ်၊ မတ် ၁၆ ရက် ကြာသပေးနေ့တွင် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၇ ရက် သောကြာနေ့တွင် သမိုင်းဘာသာရပ်နှင့် မတ် ၁၈ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။