နေပြည်တော် မတ် ၄
Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ် သုံးယာဉ် ၁၉ စီးသည် ယမန်နေ့က ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ယမန်နေ့က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကာ အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ် သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရသည်။
သတင်းစဉ်