Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန် မတ်  ၁

အဋ္ဌမအကြိမ်  နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့  ပဉ္စမ အစည်းအဝေး  ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင်  ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်  သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်  အပြည် ပြည်ဆိုင်ရာ   ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊  တိုင်းဒေသကြီး/ ပြည်နယ်   သာသနာရေးမှူး များ   တက်ရောက်ကြည်ညို ကြသည်။

အစည်းအဝေး၏ သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့  ဒုတိယ ဥက္ကဋ္ဌ  အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရာဘိဝံသက ဆောင်ရွက် တော်မူပြီး အခမ်းအနားမှူး ဆရာ တော်အဖြစ် တွဲဖက်အကျိုးတော် ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒက ဆောင်ရွက်တော် မူသည်။

ဦးစွာ အခမ်းအနားမှူး ဆရာတော်က  အစည်းအဝေးစတင် ကြောင်းနှင့်  ကြွရောက်တော်မူ လာကြသော   နိုင်ငံတော်  ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ၏  အရေအတွက်ကို  ဖတ်ကြား လျှောက်ထားပြီး  အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း ကြေညာသည်။   ထို့နောက် အစားထိုး   ရွေးချယ်ထားသည့် နိုင်ငံတော်  သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်၏ ဘွဲ့အမည်စာရင်းကို ဥက္ကဋ္ဌ ဆရာ တော်ကြီးကိုယ်စား အခမ်းအနား မှူးဆရာတော်က   ဖတ်ကြား တင်သွင်း၍ အတည်ပြုချက်ရယူ သည်။

ယင်းနောက် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်  ဒေါက်တာ  ဘဒ္ဒန္တ စန္ဒနသာရ၏   အကြံပြုတင်ပြ လျှောက်ထားခြင်းနှင့် ပတ်သက်၍     ဆွေးနွေးဆုံးဖြတ်တော် မူကြသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ က တင်ပြလာသော အကြံဉာဏ် များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များ   ဖြစ်ကြသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒဝံသာ လင်္ကာရာဘိဝံသနှင့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရတို့က ရှင်းလင်း ပြန်ကြားလျှောက်ထားပြီး နံနက် ပိုင်းအစည်းအဝေးကို   ရပ်နားသည်။

မွန်းလွဲ ၁ နာရီတွင် အစည်း အဝေးကို   ပြန်လည်စတင်ပြီး နိုင်ငံတော်သံဃမဟာ  နာယက အဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာနှင့်ပတ်သက်၍ ဝိနိစ္ဆယရေးရာ ကဏ္ဍတွင်  မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား လှယ်  နိုင်ငံတော်  ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝေပုလ္လ စာရ၊  ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် မဟာဂန္ထဝါ စကပဏ္ဍိတ   ဘဒ္ဒန္တ သောဘိတတို့ကလည်းကောင်း၊ သာသနာရေးရာကဏ္ဍတွင် ပဲခူး တိုင်းဒေသကြီး  ကိုယ်စားလှယ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိစ္စ၊   မွန်ပြည်နယ် ကိုယ်စားလှယ်  နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်  ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တနန္ဒဝံသ၊ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တပညာ သီဟတို့က လည်းကောင်း၊ ပညာ ရေးရာကဏ္ဍတွင် ရွှေကျင်ဂိုဏ်း ကိုယ်စားလှယ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်  ဆရာတော် အဂ္ဂမဟာ   ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရ၊ မဟာဒွါရဂိုဏ်း ကိုယ်စားလှယ် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်  ဆရာတော် ဘဒ္ဒန္တမေတ္တာနန္ဒ၊ ဝေဠုဝန်ဂိုဏ်း ကိုယ်စားလှယ် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်   ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဇယတို့က   လည်းကောင်း ဆွေးနွေးတော်မူကြသည်။

ယင်းတစ်နှစ်တာ   ကာလ အတွင်း   ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ တွဲဖက် အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒဝံသာလင်္ကာရာ   ဘိဝံသက ပြန်လည်ရှင်းလင်း လျှောက်ထား ၍ အတည်ပြု ချက်ရယူပြီး မွန်းလွဲ ပိုင်း ဒုတိယနေ့ အစည်းအဝေးကို ရပ်နားသည်။

ယနေ့     အစည်းအဝေး သို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင် အဖြစ်  မိခင်ကြီး ဒေါ်တင်ဝင်းရီကို   အမှူးထား၍ (ဦးမောင်မောင်ဆွေတင်)   ဇနီး သီဟသုဓမ္မသိင်္ဂီ  ဒေါက်တာ မြသီတာဆွေတင်၊ သမီး အမရာ ဆွေတင်၊  ဦးထက်မြက်ဦး  ဇနီး ဒေါ်အိန္ဒြေမဒီ ဆွေတင်၊  သား မောင်လင်းမောင်မောင်ဆွေတင် နှင့်  မောင်လင်းညီညီဆွေတင် မိသားစုနှင့်   ဦးဌေးနိုင်   ဇနီး  သီရိသုဓမ္မသိင်္ဂီ    ဒေါ်ခင်ရီ မိသားစုတို့က ဆက်ကပ်လှူဒါန်း ကြသည်။

သတင်းစဉ်