Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်း ဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် ဆိပ်ကမ်းများ၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ သင်္ဘောကျင်းများနှင့် စက်မှုလုပ်ငန်းများတွင် ဝန်တင်/ချရာ၌ အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ SMM ကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ လည်းကောင်း၊ စက်မှုဝန်ကြီးဌာနရှိ အကြီးစားစက်မှုလုပ်ငန်းလေးခုတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများ လာရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးသည်

တက်ရောက်

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Corporation “Rostec” ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Vladimir Kazadaev တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်