လှိုင်းဘွဲ ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ကျေးရွာများအတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏စာရင်းများကို ကပ်ထားကြေညာထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှု့ပြီး မဲဆန္ဒရှင်စာရင်းများ သတ်မှတ်ထားသည့်ပုံစံအတိုင်း စနစ်တကျရေးသွင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လာရောက်လျှောက်ထားမှုအခြေအနေနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့်အခြေအနေများကို တိကျမှန်ကန်စွာ လုပ်ဆောင်ပေးသွားကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)