နေပြည်တော် ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တစ်စင်းအား အကြမ်းဖက်မှုကိုလိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ် =ရေးမြို့နယ် တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွား ကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား တစ်စင်းအား အကြမ်းဖက်မှုကိုလိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ဝဲ/ယာ လက်ရန်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏အလယ်တည့်တည့်တို့တွင် အနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ် ဖြတ်သန်းသွားလာမှုများ ပြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်