Skip to main content

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ အမှတ်(၈၃)တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၈-၂-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။        

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်