Skip to main content

ကန္တာရကျိုင်းကောင် (နှံကောင်) အန္တရာယ်အတွက် ကင်းထောက်သတိပေးအဖွဲ့ကို မြို့ပေါ်နှင့် ကျေးရွာများတွင် ကော်မတီဖွဲ့စည်း

မင်းတပ် ဩဂုတ် ၆

အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ကန္တာရကျိုင်းကောင် (Desert Locust)အများအပြား ကျရောက်ပြီး စိုက်ခင်းများကို ဖျက်ဆီးလျက်ရှိရာ ချင်းပြည်နယ်သည်လည်း အထူးသတိထားရမည့် ပြည်နယ်တွင် ပါဝင်လျက် ရှိခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်းတွင် မြို့ပေါ်နှင့် ကျေးရွာများတွင် ကင်းထောက် သတိပေးအဖွဲ့ကို ဇူလိုင်လအတွင်းက ဖွဲ့စည်းထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကင်းထောက် သတိပေးအဖွဲ့များက မိမိတို့၏ ရပ်ကွက်၊ ကျေးရွာအတွင်း သတိထား စောင့်ကြည့်ခြင်း၊ သတိပေးခြင်း၊ နှိုးဆော်ခြင်းနှင့် သတင်းပို့ခြင်းများ ဆောင်ရွက်နိုင်ရန် သီးနှံစိုက်ခင်းများတွင် သီးနှံဖျက်ပိုး ကျရောက်ခြင်း၊ မှိုကြောင့်ဖြစ်သည့် ရောဂါ၊ ထူးခြားဖြစ်စဉ်များ တွေ့ရှိပါက မြို့နယ်အဆင့် စောင့်ကြည့် သတိပေးအဖွဲ့သို့ လာရောက်အကြောင်းကြားရန် ထုတ်ပြန်ထားကြောင်း မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မင်းတပ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လနှင့် ဇူလိုင်လအတွင်း မင်းတပ်မြို့နယ်ရှိ ပိန်ယောကျေးရွာ၊ မင်းတပ်မြို့ အနောက်ရပ်ကွက်၊ ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာ၊ ဆာဒူးကျေးရွာများတွင် ကွင်းဆင်းခဲ့ရာ၌ ပြောင်းဖူးစိုက်ခင်း၊ ပြောင်းစိုက်ခင်း အနည်းငယ်တွင် ဖောငမြောင်တောင်ပိုး ကျရောက်ခြင်းနှင့် ဝဉပင်ညှိုးရောဂါ၊ ချဉ်ပေါင်ပင်များတွင် မှိုကြောင့်ဖြစ်သည့် ရောဂါ၊ နှစ်ရှည်ပင်ဖြစ်သည့် မျောက်ငိုပင်တွင် နှံကောင်အနက်ရောင် ကျရောက်မှုများ တွေ့ရှိခြင်းကြောင့် မင်းတပ်ခရိုင် သီးနှံကာကွယ်ရေးဌာနခွဲမှ ပိုးသတ်ဆေးနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

#MRTV