Skip to main content

KNDO တပ်ရင်း(၆)မှ အကြမ်းဖက် မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအားမီးရှို့ဖျက်ဆီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီ ၂၄ ရက်တွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားဦးကျေးရွာဘက်မှ ကမ်းနီကျေးရွာဘက်သို့ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကမ်းနီကျေးရွာရှိ လူနေအိမ် ၁ လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်၍ ကော့ကျိုက်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီ ၂၄ ရက် နံနက် ၃ နာရီခန့်တွင် အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။