Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂) ခုနှစ် ထုတ်ဝေခြင်းအခမ်းအနားနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂) ခုနှစ် ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်၊၊

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂) ခုနှစ် ထုတ်ဝေရေး ကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်၊၊

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကား ပြောကြားပြီး စာမူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးညွန့်ဆွေ က နှုတ်ခွန်းဆက်စကားပြောကြားသည်၊၊

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယခုထုတ်ဝေသော (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည် အထိမ်းအမှတ်သားကောင်း တမန်မဂ္ဂဇင်း (၂၀၂၂) ခုနှစ်သည် (၂၅) ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါ မဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု မှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာ များနှင့် အတွေ့အကြုံ ဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရသည်၊၊

သတင်းစဉ်