Skip to main content

စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁၇

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ ပြခန်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဘဝတစ်သက်တာတွင် ကြုံတောင့်ကြုံခဲ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားနှင့်ကြုံကြိုက်ခြင်း၊ အဆိုပါ နေ့ထူးနေ့မြတ် ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခွင့် ဂုဏ်ပြုခွင့်ရခြင်းသည် များစွာဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့်ဆောင်ရွက်ရာတွင် ညီညာမှု အင်အားစိုက်ထုတ်မှုများဖြင့်ဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ဖြစ်မြောက်စေရေးအတွက် ကျရာအခန်းကဏ္ဍများက စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ခဲ့ကြသည့်နည်းတူ မိမိတို့တာဝန်ယူထားကြသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ ပြခန်းတို့၌ ပါဝင်ဆောင်ရွက် ခဲ့ကြသောဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲဆုရသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။

(သတင်းစဉ်)