Skip to main content

တနင်္သာရီမြို့နယ်အတွင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအား ငွေ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆန်ဖိုးများ ထောက်ပံ့ပေးအပ်

တနင်္သာရီ ဩဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု အသီးသီးတို့၌ နေအိမ်များ ပြိုကျ/ပျက်စီးမှုများဖြစ်ပွားခဲ့သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရသည် ဩဂုတ်လ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဥာဏ်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဦးစီးမှူးများ၊ မြိတ်မြို့ထုံးဖိုလူငယ်ပရဟိတအဖွဲ့၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်နှင့်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် လေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများထံ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ငွေနှင့်အိမ်ဆောက်ပစ္စည်းများ၊ ဆန်ဖိုးငွေများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ 

ယင်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးအောင်သူရနှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ဇဝဲကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုများတွင် ဩဂုတ်လ ၂ ရက် နှင့် ၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ /ပျက်စီးသွားသော လူနေအိမ်ခြေ (၁၄)လုံးအတွက် တစ်လုံးလျှင်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (တစ်သိန်း) ကျပ်နှုန်းဖြင့် ကျပ် (၁၄) သိန်း၊ မိသားစုဝင်လူဦးရေ (၅၉) ဦးအတွက် ဆန်ဖိုး (၇) ရက်စာ တစ်ဦးအတွက် (၂၁၀၀) ကျပ်နှုန်းစီဖြင့် ပေါင် း(၁၂၃၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ သေတ္တာပုံးတစ်ပုံးစီဖြင့် (၁၄) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀) ကျပ်၊ ၎င်းနေအိမ်များမှ လူဦးရေ (၃၂) ဦး အ တွက်၊ ဆန်ဖိုးငွေ (၇) ရက်စာ (၂၁၀၀) ကျပ်နှုန်းဖြင့် (၆၇၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေပေါင်း (၂၀၄၀၉၀၀) ကျပ်ကို ထောက်ပံ့ပေးကြပြီး အားပေးစကားပြောကြားကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)