Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြု

နေပြည်တော် ဇန်နဝါရီ ၁၆

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြစစ်ကြောင်းတွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်ပေါ်/ ယာဉ်အောက် သရုပ်ပြပါဝင်ခဲ့သည့် ဝန်ထမ်းများနှင့် စစ်ကြောင်းအသီးသီးတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် တစ်သက်တွင်တစ်ခါကြုံရခဲသည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင်ပါဝင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဝန်ထမ်းများ အနေဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သော အတွေ့အကြုံကောင်းများရရှိပြီး နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်းဟူသော မင်္ဂလာတရားတော်နှင့်အညီ ယခုလို ဂုဏ်ပြုအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့သော အစဉ်အလာကောင်းများကိုထိန်းသိမ်း၍ နိုင်ငံအကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးဆောင်ရွက်ကြ စေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု အခမ်းအနား စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန််ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်သည်။

သတင်းစဉ်