နေပြည်တော် ဩဂုတ် ၄
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အစား ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန (၁) နှင့် (၂) တို့၌ ကျင်းပသွားမည်ဖြစ်သည်။
ညီလာခံကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ရာ သတင်းမီဒီယာ အရေအတွက်ကိုလည်း ကန့်သတ်ဖိတ်ကြားထားပြီး အခမ်းအနားသို့ တက်ရောက်သတင်း ရယူခွင့်ရရှိမည့် မီဒီယာသမားများစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနက မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။
တက်ရောက်သတင်းရယူမည့် သတင်းမီဒီယာ သမားများအနေဖြင့် ယခင်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်ပြီး ဩဂုတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီထက် နောက်မကျဘဲ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိသတင်းပို့ရမည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ဦးမျိုးညွန့် ဖုန်း - ၀၉၄၂၀၇၂၃၂၄၄ နှင့် ဖုန်း ၀၆၇ - ၃၄၁၂၁၂၅၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ဒေါ်ယုယုဝင်း ဖုန်း - ၀၉၅၀၆၁၇၁၅ နှင့် ဖုန်း ၀၁ - ၅၄၄၅၈၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်