တီးတိန် သြဂုတ် ၄
ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်းဒါလ်းသည် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရမှထောက်ပံ့သော အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီက သွားရောက်ပေးအပ်ကြောင်း သိရသည်။
ထိုသို့ သွားရောက်ပေးအပ်ရာတွင် ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီးသည် ဒေသခံပြည်သူများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းသည်။ ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆွောင်းဇမ်းထန်က ဆိုင်းဇန်ကျေးရွာအတွင်း အခြေခံလူတန်းစားများ ထောက်ပံ့မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးက ဆိုင်းဇန်ကျေးရွာအုပ်စုအတွင်း အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆိုင်းဇန်ကျေးရွာတွင် အိမ်ထောင်စု (၄၀၉) စုရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၆) စု၊ တီးတိန်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၇၀၈၇) ရှိပြီး တစ်အိမ်ထောင်လျှင်ထောက်ပံ့ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)