Skip to main content

အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကော်မရှင်အပါအဝင် အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ရုံးဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111 ” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ဝန်ဆောင်မှုရယူခဲ့သည့် ဌာန/အဖွဲ့အစည်းထံမှ မိမိတို့၏ လက်ကိုင်ဖုန်းများသို့ ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍ Short Code နံပါတ် “1111” ဖြင့် SMS များ ပေးပို့မေးမြန်းလာပါက မှန်ကန်စွာပြန်လည်ဖြေကြား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးနှင့် လိုအပ်ချက်များကို အချိန်မီပြုပြင်နိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် Short Code နံပါတ် “1111 ဖြင့်ပေးပို့လာသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းဖြင့် အဂတိပယ်ခွာ ပြည်သာယာရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်