နေပြည်တော် ဇန်နဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV- HD Channel ၊ MRTV-News Channel ၊ MRTV Parliament Channel ၊ MITV Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ Reader’s Channel ၊ Sky Net Up to Date ၊ Sky Net တိုင်းရင်းသား Channel ၊ MRTV Website ၊ မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ FM ပုဂံ၊ မန္တလေးFM ၊ ပဉ္စဝတီFM ၊ ရွှေFM နှင့် Star FM တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်