နေပြည်တော် ဒီဇင်ဘာ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၏ သုတေသနနှင့် ဖွံဖြိုးရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်နေမှုများ၊ နည်းပညာလွှဲပြောင်းခြင်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်း ပညာဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဆိုင်ရာ မူဝါဒများကို ပံ့ပိုးပေးနိုင်ရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကုန်သွယ် မှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေရန်အတွက် စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ အသိအမှတ် ပြုခြင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာ၊ အရည်အသွေး ထောက်ခံချက်ထုတ် ပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည့်လုပ်ငန်းများကို သုတေသီများ၊ ပညာရှင်များမှ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းကြိုးပမ်းဆောင် ရွက်လာခဲ့ပါကြောင်း၊ ယခုအခါတွင် ဦးစီးဌာနအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုသော သုတေသနလုပ်ငန်း များနှင့် နည်းပညာ ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်မှာ စိန်ရတုအထိမ်း အမှတ် (၇၅) နှစ် ပြည့်ခဲ့ပြီဖြစ် ပါကြောင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်း အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ လက်ရှိ တာဝန်ထမ်း ဆောင်နေ သည့်အရာထမ်း၊ အမှုထမ်းဝန်ထမ်းများကို အားပေးချီးမြှင့်ခြင်း အနေဖြင့် စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ စိန်ရတုအထိမ်းအမှတ် အခမ်းအနားတွင် ဒေသတွင်းနှင့် နိုင်ငံတကာ စွန့်ဦး တီထွင်မှုပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ပြည်တွင်း MSME လုပ်ငန်းရှင် များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ကြသည်။ ထို့ပြင် စိန်ရတုအထိမ်း အမှတ်အခမ်း အနားကို ကြိုဆိုသောအားဖြင့် ပြည်တွင်း MSME လုပ်ငန်းရှင်များ တောင်းဆို ထားသော နည်းပညာများလွှဲပြောင်းခြင်းနှင့် နည်းပညာဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာ ၂၉ ရင်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် စက်မှုလက်မှု သုတေသနအဖွဲ့အမည်ဖြင့် အစပြုခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ လက်တွေ့သုတေသန လုပ်ငန်းအဖွဲ့၊ ၁၉၇၃ ခုနှစ်တွင် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့၊ ၁၉၉၄ ခုနှစ်တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၊ ၂၀၁၅ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနစသည်ဖြင့် ခေတ်နှင့်အညီ အမည်အမျိုးမျိုးပြောင်း၍ နိုင်ငံတော်မှ ချမှတ်ထားသော သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို အကောင် အထည်ဖော်လျက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာ လွှဲပြောင်းခြင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် (၇၅)နှစ်တိုင် ခရီးကို ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ အဆိုပါစိန်ရတု အထိမ်းအမှတ် အခမ်းအနားတွင် ဒေသတွင်းနှင့် နိုင်ငံတကာစွန့်ဦးတီထွင်မှု ပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ပြည်တွင်း MSME လုပ်ငန်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူ များကိုလည်း ဆုများချီးမြှင့်ခဲ့ကြသည်။ စိန်ရတုအထိမ်း အမှတ်အခမ်းအနားကို ကြိုဆိုသော အားဖြင့် ပြည်တွင်း MSME လုပ်ငန်းရှင်များတောင်းဆို ထားသောနည်း ပညာများလွှဲပြောင်းခြင်းနှင့် နည်းပညာဖြန့် ဝေခြင်းတို့ကိုလည်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)