Skip to main content

ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်အား NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့်ပတ်သက်၍ မန္တလေးမြို့၌ ပြင်းထန်စွာရှုတ်ချကြောင်း ဆန္ဒထုတ်

နေပြည်တော် ဒီဇင်ဘာ ၂၁

ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ() ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်းကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (မန္တလေး)မှ သံဃာတော်များနှင့်  အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍  ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားကြီးအနီးတစ်ဝိုက်တို့တွင်ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက်လူသတ်ကောင်များ အလိုမရှိ၊ NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအလိုမရှိ၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ ရဟန်းသံဃာများ၊ နိုင်ငံဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေသည့် NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြစသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။