Skip to main content

ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော်   ဒီဇင်ဘာ    ၁၉

NUG နှင့် CRPH တို့၏ ညွှန်ကြား မှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင်  ရဟန်း၊  သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား    အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ  ပျက်ပြားစေရန်   နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများ၊ ခရီးသွား မော်တော်ယာဉ်/ ရေယာဉ်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညနေ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် မိသားစုရပ်ကွက် ပန်းဆိုးတန်း ဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် ပြည်တွင်းရေကြောင်းအပိုင် ချယ်ရီ () ရေယာဉ်အား    PDF   အမည်ခံအကြမ်းဖက်သမား များက  ဒေသန္တရလက်လုပ်မိုင်း တစ်လုံးဖြင့်   ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း၊ မိုင်းဖောက်ခွဲမှုကြောင့် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ  ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဖောက်ခွဲဖျက်ဆီးခဲ့သော PDF အမည်ခံအကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်