Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၉

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဒေါ်သန်းသန်းလင်း၊  ဦးရဲတင့်၊  ဦးဇော်ဝင်း၊  ဒေါက်တာ စိုးဝင်း၊  နေပြည်တော်ကောင်စီ အဖွဲ့ဝင်  ဦးမြင့်စိုး၊  အမြဲတမ်းအတွင်းဝန်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင်အဖွဲ့များနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းက ယခုပြိုင်ပွဲကို လွတ်လပ်ရေး၏ အနှစ် သာရကို ဖော်ကျူးပြသနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို  မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့်  ဝါသနာရှင်  ၁၉၉ ဦးက ဓာတ်ပုံပေါင်း  ၇၅၁ ပုံ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပါကြောင်း၊ ဓာတ်ပုံသည် သမိုင်းမှတ်တမ်းဖြစ်သကဲ့သို့ အနုပညာလည်း ဖြစ်ပါကြောင်း၊  ဓာတ်ပုံများမှတစ်ဆင့်  ပြည်သူလူထုအတွင်း  မိမိနိုင်ငံအပေါ်  တန်ဖိုးထား  ဂုဏ်ယူလိုစိတ်၊  လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားတတ်သည့်  စိတ်များ  စိမ့်ဝင်ပျံ့နှံ့လာလိမ့်မည်ဟု  ယုံကြည်ပါကြောင်း။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို အကဲဖြတ်ပညာရှင်ကြီးများက ဓာတ်ပုံတစ်ပုံ၏ အလင်းအမှောင်၊ အယူ အဆ၊  ရိုက်ကွင်းရိုက်ကွက်နှင့်  ဖော်ညွှန်းသည့် အကြောင်းအရာ၊ ဓာတ်ပုံကောင်းတစ်ပုံ၏ အင်္ဂါရပ် များနှင့်အညီ အကြိမ်ကြိမ် စိစစ်အကဲဖြတ်ပြီး  ဆုရဓာတ်ပုံများအဖြစ်  ရွေးချယ်သတ်မှတ်ပေးခဲ့ပါ ကြောင်း။

ယနေ့  မြန်မာနိုင်ငံ၏ ကောင်းမွန်သည့်  ပုံရိပ်များကို ရိုက်ကူးပုံဖော်ပေးခဲ့သည့် ဓာတ်ပုံကောင်းများ အား နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်ချက်များတွင် ဖော်ထုတ်ပြသပေး သွားမည်ဖြစ်ပါကြောင်း၊  ရောင်စုံဓာတ်ပုံပြိုင်ပွဲဝင် များအနေဖြင့်လည်း  နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုသူများအဖြစ် မိမိကိုယ်ကိုယ် ဂုဏ်ယူနိုင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။  

ထို့နောက် ဆုရွေးချယ်စိစစ်ရေး ဒိုင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီစိုးမိုးက ဆုများ ရွေးချယ်ဆောင်ရွက်မှုနှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ဒုတိယဝန်ကြီး ဦးရဲတင့်ကလှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် အထူးဆု ()ရရှိသည့် ဦးကျော်မျိုးသီဟနှင့် အထူးဆု ()ရရှိသည့် ဦးကျော်သူတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က အထူးဆု()ရရှိသည့် ဦးမောင် မောင်လွင် (မုဒုံ) အထူးဆု () ရရှိသည့် ဒေါ်ချိုသက်လင်းနှင့် အထူးဆု () ရရှိသည့် ဦးဇော်ဖြိုးအောင်တို့ကို  ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဦးစိုင်းထွန်းနေလှိုင်၊  ဒုတိယဆုရရှိသည့် ဦးမောင်မောင်လွင်(မုဒုံ)နှင့် တတိယဆုရရှိသည့် ဒေါ်စန်းစန်းဝေတို့ကို ဆုများ  ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား ပထမဆုရရှိသည့် ဦးစိုင်းထွန်းနေလှိုင်က ကျေးဇူးတင်စကား ပြောကြားပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ  ရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရရှိသည့် ဓာတ်ပုံများနှင့် ခင်းကျင်းပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှု ကြသည်။ 

သတင်းစဉ်