Skip to main content

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၈

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့် ရေးကွင်း အမှတ်(၁)နှင့် (၃)တို့၌ ကျင်းပရာ ပထမ အဆင့်  အုပ်စုပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျန်းမာရေးဝန်ကြီး ဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက  လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း  အနိုင်ရရှိခဲ့ပြီး  လေ့ကျင့်ရေးကွင်း  အမှတ်(၃)၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ 

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီခွဲတွင် လေ့ကျင့် ရေးကွင်းအမှတ်(၃)၌ စွမ်းအင်ဝန်ကြီး ဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာ ရောက်ကြည့်ရှုအား ပေးနိုင်ကြောင်း သိရသည်။

ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီး ဌာနအသင်းကို   သုံးပွဲ - တစ်ပွဲဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအသင်းကို  သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲဖြင့်  လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိ ကြသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကာကွယ်ရေး ဝန်ကြီးဌာနအသင်း နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းနှင့်  ပြည်ထောင်စုရာထူးဝန်အသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့်  သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီး ဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့်  သယံဇာတနှင့်  သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                       အားကာမောင်