Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၆

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်