Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၅

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာ့ဘောလုံး အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။

ဘောလုံးပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးသည်။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။   

သတင်းစဉ်