Skip to main content

ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်   ဒီဇင်ဘာ   ၁၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘန်ကောက်မြို့ အခြေ စိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး  (United Nations Office for Project Services-UNOPS)၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေး မာသာ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ  လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်   ဆောင်ရွက်နိုင်ရေး၊ဝန်ကြီး ဌာန၏ မူဝါဒ၊ ရည်မှန်းချက်များ၊ နည်းဗျူဟာများနှင့် အညီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှု၊ UNOPS အဖွဲ့မှ စီမံခန့်ခွဲနေ  သည့် Global Fund နှင့် Access to Health Fund  ရန်ပုံငွေများ အသုံးပြု၍ ခုခံကျ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ပူးပေါင်းဆောင်ရွက်နေသည့်   ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့  ကျန်းမာရေးဝန်ကြီးဌာနမှ   ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်