Skip to main content

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား ကျောင်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ - ဒေသတွင်းအဆင့် ပြိုင်ပွဲ (10thASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များသည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှစတင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ (အောက်ပုံ) ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး ခေတ္တတည်းခိုကြမည့် ဟိုတယ်များသို့ ပို့ဆောင်နေရာချထားပေးသည်။

အဆိုပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား ကျောင်းသူများသည် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာပြီး ဒီဇင်ဘာ ၁၃ ရက်တွင် နေပြည်တော် MICC-II ၌ Rehearsal အစမ်းလေ့ကျင့်ကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ-ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

သတင်းစဉ်