Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးလယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြည်ထောင်စုဝန်ကြီး ဦးလှမိုးလယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု၊ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် တောင်သူလယ်သမားများ၊ ရေအသုံးချသူများအဖွဲ့ (Water User Group)၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ရင်းနှီးမတည်ငွေများ ခိုင်မာလာမည်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်တွင် စားသုံးဆီများဖူလုံရေး ဆောင်ရွက်နေကြောင်း၊ နေကြာသီးနှံအား စနစ်တကျစိုက်ပျိုးပြုစုဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းတိုးနိုင်ပြီး စိုက်ပျိုးသူများ၏ ဂရုစိုက်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားနိုင်ကြောင်း၊ ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရေးအတွက် နိုင်ငံတော်မှရန်ပုံငွေများ ချထားပေးလျက်ရှိကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စိုက်ပျိုးသည့်ဧကပေါ်မူတည်၍ ချေးငွေများချေးယူနိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေးကို စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထွက်ရှိလာသော သီးနှံများကိုလည်း ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရာတွင် တောင်သူလယ်သမားများအနေဖြင့် စိတ်သဘောထားတူသူများ စုပေါင်း၍ သမဝါယမအဖွဲ့အစည်းများ ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ စုပေါင်းစိုက်ပျိုး၊ စုပေါင်းရောင်းချ၍ ဝင်ငွေများ ရရှိရုံသာမက Refund ငွေများ ပြန်လည်ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရရှိလာသော Refund ငွေများမှ ၈၀ ရာခိုင်နှုန်းကို တောင်သူအား ထပ်မံပေးအပ်မည်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းအား သမဝါယမအသင်း ရန်ပုံငွေအဖြစ် စုဆောင်းထားရှိမည်ဖြစ်ကြောင်း၊ စုဆောင်းထားရှိငွေ များပြားလာပါက အသင်းပိုင် လယ်လုပ်ကိရိယာ၊ စက်ကိရိယာပစ္စည်းများ၊ ရင်းနှီးမတည်ငွေများ ခိုင်မာလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမားများက အဆင့်မြင့်လယ်ယာ ဖော်ထုတ်ရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ကုန်ထုတ်လမ်းတံတား တည်ဆောက်ပေးရေးလုပ်ငန်းများ တင်ပြချက်အပေါ် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ယင်းနောက် တက်ရောက်လာသော တောင်သူလယ်သမားများကို နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ခဲ့ပြီး စက်ဖြင့်နေကြာစိုက်ပျိုးခြင်း၊ စက်ဖြင့်မတ်ပဲစိုက်ပျိုးခြင်း၊ စက်ဖြင့်ကောက်ရိုးထုံးခြင်း၊ SubSoiler ဖြင့် မြေပြုပြင်ခြင်း လုပ်ငန်းများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားသော ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် ကွင်းအမှတ်(၁၆၇၇)၌ နေကြာစိုက်ဧက ၃၅၃ ဧကအား ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ထိန်းသိမ်းရေး၊ ဌာနများနှင့်တောင်သူအစုအဖွဲ့များ တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရေးနှင့်စိုက်ပျိုးရာသီအမီ ရေပေးဝေနိုင်ရေးအတွက် ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

စိုက်ပျိုးဧက ၃၅၀၀ အကျိုးဖြစ်ထွန်းစေမည်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတွင်း ဆောင်းသီးနှံ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေအောက်ရေ စက်ရေတွင်းပေါင်း ၂၈ တွင်း၊ မြေပေါ်ရေမြစ်၊ ချောင်း၊ မြောင်းတို့မှ ဆိုလာရေတင် စနစ်လုပ်ငန်းပေါင်း ၉၆ ခုဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၈ ရွာနှင့် စိုက်ပျိုးဧက ၃၅၀၀ အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်