Skip to main content

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်းဖောက်ခွဲဖျက်ဆီးခံရမှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့(၁၃)မြို့သို့ လျှပ်စစ်ဓာတ်အား ၆၀ မဂ္ဂါဝပ်ခန့် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ မင်းဘူး (မန်း) - အမ်း မဟာဓာတ်အားလိုင်း၏ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။                                 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန