နေပြည်တော် နိုဝင်ဘာ ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရန် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အချိန်မီရိုက်နှိပ်ဖြန့်ချိနိုင်ရေး
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယခုနှစ်တွင် အတန်းလိုက် ဘာသာစုံပုံနှိပ် စာအုပ်များကို အချိန်မီရိုက်နှိပ်ဖြန့်ချိနိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖြန့်ဝေထားသည့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းဆောင်ရွက်မည့်အပေါ်တွင် အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များကို စံချိန်စံညွန်း အရည်အသွေးပြည့်မီစွာဖြင့် ပုံနှိပ်ဖြန့်ချိဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များ ရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီအတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်